နိုင်ငံတကာအဆင့်မီရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများပေါ်ပေါက်လာစေရန်နှင့် အများ ပြည်သူအတွက် အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီသည့် ရေနံထွက် ပစ္စည်းများ၊ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန်၊ |
ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဖြည့်ဆည်းမှုကွင်းဆက်(Petroleum and Petroleum Products Supply Chain) တစ်ခုလုံးအားစနစ်တကျ ကြီးကြပ်ကွပ်ကဲသွားနိုင်ရန်၊ |
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာလုပ်ငန်းများဖြစ်လာစေရန်၊ |
နိုင်ငံတော်၏ Petroleum and Petroleum Products Supply Chain စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုကိုအထောက် အကူဖြစ်စေမည့် ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါ်လာ စေရန်၊ |
လွတ်လပ်မျှတသောဈေးကွက်ယှဉ်ပြိုင်မှုဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ |
နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးအတွက် အာမခံချက်ရှိစေရန်၊ |
နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်နှင့် နိုင်ငံတော် အတွက် အခွန်အခများရရှိစေရန်၊ |